Main menu

ပြည်ဂေါ်ရခါးသီးဈေးကွက်

Powered by Drupal

          ယခုဒီဇင်ဘာလပထမအပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည် ပင်းတယ၊ ကလော၊ ပင်လောင်း စသည့်မြို့နယ်များမှ ဝင်ရောက်လာသည့် ဂေါ်ရခါးသီးများ အရောင်းအဝယ်များနေကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းဝင်ရောက်မှုမှာ များနေပြီးအရောင်းအဝယ်လည်း သွက်လျှက်ရှိပါသည်။ ယခင်က ဂေါ်ရခါးသီးကို ဟင်းချက်ပြီးကြော်စားသလို မုန့်နှစ်များဖြင့် ကြော်၍လည်း စားသုံးကြ ပါသည်။ ယခုအခါ ဂေါ်ရခါးသီးအရင့်ကို ပြုတ်၍စားသောက်ပါက အသီးမှာစေးပြီး လူကြိုက်များ ပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် ယခင်က (၅၀၀)ကျပ်ဖြင့် ရောင်းချပြီး ယခုဒီဇင်ဘာလဒုတိယ အပတ်တွင် အလုံးချောတစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)