Main menu

ညောင်တုန်းမြို့နယ်ရှိ GoodBrother ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

Powered by Drupal

          (၉.၁၂.၂၀၂၄) ရက်နေ့  နံနက်(၁၁:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆားမလောက်ကျေးရွာ Goodbrother ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကုမ္မဏီမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ Goodbrother ဆန်စက်တွင် စပါးဝယ်ယူထားရှိမှုနှင့် လက်ရှိစပါးတင်း ၅၀၀၀ သိုလှောင်ထားရှိကြောင်း၊  စပါးကြိတ်ခွဲပြီး ဆန်သိုလှောင်ထားရှိမှု အိတ်ရေ ၂၀၀၀၀ အိတ် ကိုကြည်ရှုစစ်ဆေးပြီး ပြည်ပတင်ပို့နိုင်ရေး အခန်းကဏ္ဍ ကိစ္စရပ်များ အကြောင်း ဆွေးနွေးခြင်း၊ လယ်ယာသုံး စက်ပစ္စည်း အမျိုးမျိုးရောင်းချနေမှုများကို ကြည်ရှုလေ့လာကာ ကုမ္ပဏီမှ  အမှတ်တံဆိပ်ပါ ဆန်ထုတ်ကုန်အတွက် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါရှိရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ဒေသတွင်း စက်မှုလယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးသီးနှံများအား အချိန်မီရိတ်သိမ်းခြွေလှေ့ ဆောင်ရွက်နိုင်ရန်အတွက် လက်ငင်းစနစ်၊ အရစ်ကျစနစ်ဝယ်ယူဖြန့်ဖြူးရောင်းချပေးရခြင်း၊ လယ်ယာ လုပ်သားရှာပါးမှု ကုစာနိုင်ရေး  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ဆွေးနွေးခြင်း၊ လယ်ယာစိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်သကဲ့သို့ နိုင်ငံ၏ (၆၀)ရာခိုင်နှုန်းသော GDP သည် လယ်ယာစိုက်ပျိုးရေးတွင် မှီခိုနေကြောင်း စသည်တို့ကို ညောင်တုန်းမြို့နယ်ဦးစီးမှူးက ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)