၁၁.၁.၂၀၂၅ ရက် နံနက် (၀၉း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးရာသီ ကန်ထရိုက်လယ်ယာနှင့် မျိုးစေ့ထုတ်လယ်ယာ တောင်သူများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲ ကို ဓနုဖြူမြို့နယ် ကဥ္စနကျွန်းသာကုမ္မဏီ အစည်းအဝေးခနိးမတွင်း ကျင်းပပြုလုပ်ခဲ့ရာ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ခရိုင်အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့၊ အခြားဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းနှင့် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှားစကားပြောကြားပြီး၊ ဆက်လက်၍ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ဆန်စပါးထုတ်လုပ်မှု၊ ဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမိုးအောင်က စိုက်ပျိုးရေဆိုင်ရာကိစ္စရပ်များအကြောင်း ကိုဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက တောင်သူများကို သွင်းအားစု ဓါတ်မြေဩဇာများပေးအပ်ခဲ့ပြီး၊ ဓနုဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့်ဦ ရေကြည်ကျေးရွာအုပ်စုတွင် စိုက်ပျိုးနေသော ဆီထွက်သီးနှံ နေကြာစိုက်ခင်းကို လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)