ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဝါတော ကျေးရွာများတွင် သင်္ဘောပင်ကို စိုက်ပျိုးကြောင်း သိရသည်။ မအူပင်ခရိုင်တွင် သင်္ဘောပင်ကို မွေးမြူရေး ငါးကန် ပတ်ချာ လည်များတွင် ငါးကန်အကာ အနေဖြင့် လည်းကောင်း၊ အုန်းခြံများတွင် ကြားညှပ် သီးနှံအဖြစ် စိုက်ပျိုးနေကြောင်း တွေ့ရှိရသည်။ ယခု သင်္ဘောပင် ၁ဧကသာ စိုက်ပျိုးထားပြီး မအူပင်ခရိုင်အနေဖြင့် သင်္ဘောစိုက်ဧက ၁၅ ခန့် ရှိကြောင်း သိရသည်။
သင်္ဘောသီးမျိုးကို ဗမာမျိုးကိုသာစိုက်ပျိုးပြီး အစေ့ကိုပျိုးထောင်ပြီး ၂လအ-ကြာ စိုက်ပျိုးခြင်းဖြစ်သည်။ ၁ဧကတွင် သင်္ဘောပင် ၂၀၀ ကို စိုက်ပျိုးထားသည်။ အပင်ကို ၈-၈ ကြား မြေကျင်းတွင် ချစိုက်သည်။ ပျိုးထောင်ပြီး ၄ရက်အကြာ အဖို အမပင် ခွဲခြားသိရ၍ တစ်ကျင်း ကို ၁ပင်သာစိုက်သည် ၊ အပင်ကို မြေကျင်း ချစိုက်ပြီး ၁၄ရက်အကြာ ရေနေ့စဉ်လောင်းပေးပြီး မြေဩဇာအနေဖြင့် နွားချေးဆွေး၊ ကောက်ရိုးပုံဆွေး၊ မြေဆွေးမျာကိုကျွေး၊ အခြာသော မြေဩဇာများလည်ကျွေးသည်။
သင်္ဘောပင်ကို ၂၀၂၄ခုနှစ် ကဆုန်လက စိုက်ပျိုးခဲ့ပြိး အပင် ၆လသားတွင် အသီးစတင်သီးပြီး သင်္ဘောပင် သက်တမ်း မှာ ၃နှစ်အတွင်း ထွက်ရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ၁ဧကလျှင် ငွေကျပ် သိန်း ၂၀ခန့် ကုန်ကျကြောင်း၊ သင်္ဘော ပင်များကို ရှစ်ပေလေး ကွက်ကျစနစ်ဖြင့် စိုက်ပြီး သင်္ဘောပင်တစ်ပင်သည် ပျမ်းမျှ အသီး၃၀ ခန့်ထွက်၍ တစ်ဧကမှာ အသီးပေါင်း ၆၀၀၀ ခန့်ထွက်ရှိသည်။
ဈေးကွက်အနေဖြင့် ဇန်နဝါရီလတွင် ဈေးကောင်းနေ၍ သင်္ဘောသီး ၁လုံး လက်လီဈေး အနေဖြင့် ကုန်သည်များမှာ ၂၅၀၀-၃၀၀၀ကျပ်ထိ ဈေးကောင်းရကြောင်း၊ စိုက်ပျိုး တောင်သူမှ သင်္ဘောလက်ကားဈေးအနေဖြင့် ၁လုံး ငွေကျပ် ၁၀၀၀/-ရောင်းရပြီး၊ အလုံး ၂၀၀ပါ တစ်ချင်း လျှင် လက်ကားဈေး ငွေကျပ် ၂၀၀၀၀၀/- ဈေးရောင်းချရကြောင်း၊ စိုက်ပျိုးပြီး ၂နှစ်အတွင်း အသီး ထွက်ရှိသောကြောင့် ဈေးနှုန်းအတက်အကျပေါ် မူတည်ပြီး အကျိုးအမြတ် မတူညီကြောင်း၊ သင်္ဘောခေါင်သီး၊ အကျသီး၊ အညံ့သီးရှိ၍ ဈေးနှုန်း ရရှိမှု မတူညီသဖြင့် ၁ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးပြီး ၃နှစ်အတွင်း ငွေကျပ် သိန်း ၅၀/-နီးပါး ရရှိနိုင်ပြီး ပျမ်းမျှ သိန်း ၃၀ကျပ် နီးပါးခန့် အကျိုးအမြတ် ရရှိနိုင်ကြောင်း သင်္ဘောစိုက်ပျိုးနေသူ ဦးအောင်စိုးမိုး ပြောပြချက်အရသိရသည်။
ဈေးကွက်တင်ပို့မှု အနေဖြင့် ရန်ကုန်သို့ အဓီကတင်ပို့ပြီး ကုန်ကားများဖြင့် တင်ပို့ရကြောင်း၊ မအူပင်မြို့နယ်နှင့် နီးစပ်ရာဒေသများသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)