Main menu

ပြည်တွင်းဈေးကွက်တွင် ကုလားပဲသီးနှံဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ရှိ  ပဲမျိုးစုံအရောင်းအဝယ်ဈေးကွက်သို့ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပြည်တွင်းစားသုံးမှု မြင့်မားလျက်ရှိသော ကုလားပဲသီးနှံလည်း နေ့စဉ်ဈေးကွက်သို့ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ ပခုက္ကူဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ရေစကြိုမြို့နယ်တွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက် လျက်ရှိကြောင်းသိရသည်။ ယခုကုလားပဲစိုက်ပျိုးချိန်ရာသီဖြစ်၍ သီးနှံအဟောင်းများသာ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် သီးနှံအသစ်များ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

             ဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)အစောပိုင်းတွင် ကုလားပဲ(V2) တစ်တင်းလျှင် ကျပ်(၉၈၀၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၁၀၁၀၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၉၂၅၀၀)၊ ကုလားပဲ(929)တစ်တင်းလျှင် ကျပ်(၉၅၀၀၀)၊ (ပထမပတ်)နှင့်ဈေးနှုန်း နှိုင်းယှဉ်ပါက ကုလားပဲဈေးကွက်တွင် အရောင်းအဝယ်အေးပြီး ဈေးငြိမ်လျက်ရှိကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်) ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ကုလားပဲသီးနှံသည်ကျန်းမာရေးနှင့်ညီညွတ်ခြင်းကြောင့် ပြည်တွင်းစားသုံးမှုများ၍ အရောင်းအဝယ်သွက်ကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)