Main menu

ပခုက္ကူဈေးကွက်၌ နှမ်းမျိုးစုံဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

           မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် နှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်သို့ နှမ်းသီးနှံ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များမှ နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (ဒုတိယပတ်)တွင် မြိုင်မြို့နယ်ဒေသထွက် နှမ်းသီးနှံ များ ကုန်ချိန် အများဆုံး ဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ်(၃၀၀ - ၄၀၀)ခန့် ဝင်ရောက်၍ တစ်ပတ်အတွင်း အိတ်(၉၀၀၀)ခန့် ဝင်ရောက်ကြောင်း၊ နှမ်းနက်(စမုန်)များ ပို၍ အရောင်းအဝယ်လျက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် နှမ်း အရည်အသွေးလိုက်၍ နှမ်းနက်(စမုန်) တစ်တင်းလျှင်ကျပ်(၂၂၇၀၀၀-၂၂၀၀၀၀-၂၀၈၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် (၁၂၄၀၀၀-၁၁၉၀၀၀-၁၀၈၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀-၁၀၃၀၀၀-၁၀၀၀၀၀)အရောင်း အဝယ်ဖြစ်ပြီး ယခင်၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင်ကျပ်(၂၃၀၀၀၀-၂၂၀၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၂၆၀၀၀-၁၂၁၀၀၀-၁၁၀၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၁၁၀၀၀-၁၀၉၀၀၀-၁၀၆၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဒီဇင်ဘာလ(စတုတ္ထပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်းလျှင် ကျပ်(၃၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၂၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၆၀၀၀)ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု များကြောင်း၊ မြိုင်မြို့နယ် ဒေသထွက် နှမ်းနက်(စမုန်)များ အများဆုံး ဝင်ရောက် ကြောင်း၊ ဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်း ရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။ 

DOCA(မကွေး)