
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရေစကြိုမြို့နယ်တွင် မတ်ပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုတစ်ပတ်တွင် ပခုက္ကူကုန်စည်ဒိုင်၌ မတ်ပဲများ နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် မတ်ပဲတစ်တင်းလျှင် ကျပ် (၉၃၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ(ဒုတိယပတ်)တွင် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲတစ်တင်း ဈေးနှုန်းမှာ ကျပ်(၈၀၀၀၀-၈၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၇၀၀၀)ခန့် ဈေးကျနေကြောင်း၊ ဈေးနှုန်းကျဆင်းနေသော်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ (၅၀ မှ ၃၀၀)ထိဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း သို့တင်ပို့နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)