Main menu

သထုံမြို့နယ်ရှိ ပဲမျိုးစုံစိုက်ကွင်းများသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

           ၁၆.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် ပဲမျိုးစုံစိုက်ပျိုးသော ကျိုက္ကော်ကွင်းသို့ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းအောင်ဖြူ နှင့် ဝန်ထမ်းများက ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

            ထိုသို့ ကွင်းဆင်းလေ့လာခဲ့ရာတွင် ပဲတီစိမ်းစိုက်ခင်းပိုင်ရှင် ဦးအေးနိုင်က သထုံမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးကြသော်လည်း ပဲတီစိမ်းကို အဓိကစိုက်ပျိုးပြီး တောင်သူများ တွက်ခြေကိုက်သော သီးနှံဖြစ်ခြင်းကြောင့် နိုဝင်ဘာလပထမပတ်တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စတင်ရိတ်သိမ်းကာ တစ်ဧကအထွက်နှုန်းမှာ ၁၅ တင်းခန့် ထွက်ရှိကြောင်း သိရသည်။

           ယခင် ပဲတီစိမ်း တစ်တင်းလျှင် ၈၀၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်ရှိပြီး ဈေးကွက်ပေါက် ဈေးမှာ ၂၅၀၀၀ ကျပ်ထိမြင့်တက်ခဲ့ကြောင်းနှင့် ပဲတီစိမ်းများ ဈေးကောင်းရလာခြင်းနှင့် အတူ လက်ရှိစိုက်ပျိုးထားသော ပဲတီစိမ်းများထွက်ပေါ်လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပဲတီစိမ်းပေါ်ချိန်တွင် အမြတ်အစွန်းပိုမိုရရှိနိုင်မည်ဟု တောင်သူများက မျှော်မှန်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)