Main menu

ကန့်ဘလူမြို့တွင် စတော်ဘယ်ရီသီးများ စတင်ရောင်းချလျက်ရှိ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်းချနေသည့်ဆိုင်များတွင် စတော်ဘယ်ရီသီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ ရာသီပေါ် စတော်ဘယ်ရီများကို  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ  ဝယ်ယူရောင်းချ လျက်ရှိ‌ကြောင်း သိရသည်။

             စတော်ဘယ်ရီကို သရေစာအဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်ပြုလုပ်၍လည်းကောင်း အများဆုံးစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရောင်းချနေသော စတော်ဘယ်ရီသီးဈေးနှုန်းများမှာ စတော်ဘယ်ရီသီး(၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်နှင့် စတော်ဘယ်ရီသီး (၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)