Main menu

ကန့်ဘလူမြို့မဈေးကွက်အတွင်းမှ ငရုတ်သီးစိမ်း ဈေးနှုန်းအခြေအနေ

Powered by Drupal

            ကန့်ဘလူမြို့မ စည်ပင်သာယာဈေးတွင် ရာသီစာသီးနံများနှင့် စာဖိုးဆောင် သီးနှံများကို ရောင်းချလျက်ရှိရာ ကုန်စိမ်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ပြောင်းချို၊ မုန့်ညှင်းထုတ်၊ ခါကြက်ဥ ၊ သံပုရာသီးနှင့် တိုင်ထောင်ဗိုလ်စားပဲသီးတို့အပြင် ငရုတ်သီးစိမ်း၊ ပန်းငရုတ်ပွ၊ စသည့် အသီးအနှံများကိုလည်း ရောင်းချလျက်ရှိပါသည်။

            ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့မစည်ပင်သာယာ ဈေးအတွင်း၌ ဖြစ်ပေါ်နေသော ငရုတ်သီးစိမ်း၏ ဈေးနှုန်း/ ဈေးကွက်အနေဖြင့် မိုးမျှော်ငရုတ် (ကျောက်စိမ်းသီး) တစ်ပိဿာ လျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင် (၁၂၀၀၀) ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ်တို့ဖြင့် အသီးသီး ရောင်းချလျက်ကြောင်း ကန့်ဘလူမြို့မ စည်ပင်သာယာဈေး ကုန်စိမ်းသီးနှံအစုံရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)