၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ (၂) ဦး မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချ/ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး၊ ဈေးနှုန်းမြှင့်တင်ရောင်းချ/ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော ဆေးဝါးများရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)