အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Airlangga Hartarto နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သြစတေးလျသံအမတ် Penny Williams တို့သည် နှစ်နိုင်ငံအပြန်အလှန် စီးပွားရေးဆောင်ရွက်မှု အားကောင်းစေရန်အတွက် နည်းလမ်းများရှာဖွေရန် ဇန်နဝါရီလ ၉ ရက် နေ့က ဝန်ကြီးရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနှင့် သြစတေးလျ နိုင်ငံတို့သည် ကာလကြာရှည်မိတ်ဖက်များဖြစ်ကြပြီး ၂၀၂၄ ခုနှစ်က ၇၅ ကြိမ်မြောက် သံတမံ ဆက်ဆံရေးအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးက သံအမတ် Williams သည် စီးပွားရေးမိတ်ဖက်ပရိုဂရမ် Prospera နှင့် အစိုးရနောက်ခံပြုထားသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုပရိုဂရမ် Katalis တို့ကိုအကောင်အထည်ဖော်ရန် ဦးဆောင်မောင်းနှင်နေကြောင်း အသားပေး ပြောကြားခဲ့ပါသည်။ ထိုပရိုဂရမ်နှစ်ခုသည် အင်ဒိုနီးရှား-သြစတေးလျ ဘက်ပေါင်းစုံ စီးပွားရေး မိတ်ဖက်သဘောတူညီချက်ကို ပြည့်စုံစေရန် ဖန်တီးထားကြောင်း သိရပါသည်။ ထိုစီးပွားရေးပရိုဂရမ်များအား အကောင်အထည်ဖော်ခြင်းသည် နှစ်နိုင်ငံ၏စီးပွားရေးကြီးထွားမှု နှင့် ကောင်းမွန်သောခင်မင်ရင်းနှီးမှုတို့အတွက် အာမခံချက်ရရှိမည်ဟု သိရပါသည်။ ထိုအစည်းအဝေးအတွင်း ဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး ဟန်ချက် ညီသောစီးပွားရေးဆက်နွယ်မှုကိုအဓိကထားသော ကုန်သွယ်ရေးဆောင်ရွက်မှုများကို နက်ရှိုင်းရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။ ထို့ပြင်နှစ်ဦးစလုံးသည် များစွာသောဖိုရမ် များတွင် ၎င်းတို့နိုင်ငံများ၏စည်းလုံးညီညွတ်မှုကို အသားပေးပြောကြားခဲ့ကြကြောင်း သိရပါ သည်။ အစည်းအဝေးအဆုံးတွင် ဝန်ကြီးက သြစတေးလျသည် အင်ဒိုနီးရှား၏ စီးပွားရေးနှင့် ပညာရေးကဏ္ဍများတွင် ဗျူဟာမြောက်မိတ်ဖက်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ကြာရှည်ပြီး နီးကပ်သော မိတ်ဖက်ဖွဲ့မှုကိုမျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)