Main menu

မုံရွာမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ‌ချောင်း ဈေးနှုန်းအခြေအနေ

Powered by Drupal

‌          မုံရွာမြို့တွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန်ကျပ်၂၁၈၀၀၀၀၊ (၅)မူးတစ်တန် ကျပ်၂၃၀၀၀၀၀၊ (၆)မူးတစ်တန် ကျပ် ၂၃၇၀၀၀၀  ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန်  ကျပ်၂၃၀၀၀၀၀၊  (၅)မူးတစ်တန် ကျပ်၂၃၀၀၀၀၀၊ (၆)မူးတစ်တန် ကျပ်၂၅၀၀၀၀၀  ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

‌          ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းဈေးနှုန်းများကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ဒုတိပတ်နှင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ဒုတိပတ်နှိုင်းယှဉ်ရာတွင် (၃)မူးတစ်တန်ကျပ်(၁၂၀၀၀၀ ) မြင့်တက်လာ ပြီး ၊(၅)မူး တစ်တန် ကျပ် ၂၃၀၀၀၀၀ ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး၊ (၆)မူးတစ်တန် ကျပ် ၁၃၀၀၀၀ မြင့်တက်လာကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)