မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် (၇.၁.၂၀၂၅)ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်၌ ကျောက်ပန်းတောင်းမြို့ ၊ လေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်မှ အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့် ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းမုန့်ဈေးတန်းရောင်းချသူများ သိသင့်သိထိုက်သည့်အကြောင်းအရာများကိုလည်းကောင်း၊ အစားအသောက်များတွင် ဆိုးဆေးပါဝင်မှု၊ ဆိုးဆေးအန္တရာယ်နှင့်ဆိုးဆေးကြောင့်ဖြစ်ပွားနိုင်သော ရောဂါများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ကလေးအလုပ်သမားပပျောက်ရေးအကြောင်းသိကောင်းစရာများနှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကို အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း၊ ဆက်လက်၍ ပူးပေါင်းအဖွဲ့ဖြင့် ကျောင်းမုန့်ဈေးတန်းများအားကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)