မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ အခြေခံပညာအထက်တန်းကျောင်း (အထက-၁)ရှိ ဧရာဝတီခန်းမ၌ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများကို (၁၅.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀၀ နာရီအချိန်တွင် ဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲသို့ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၅)ဦး၊ အထက-၁ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ(၁၀)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၆၀) ဦးနှင့် ကျောင်းဈေးအရောင်းဆိုင်ရှင်(၂)ဦး တက်ရောက်ခဲ့သည်။
ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်တာဝန်ခံ ဦးတင်ဇော်ထွေး(ဦးစီးမှူး)က ဟောပြောဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့် ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုဟောပြောဆွေးနွေးခဲ့ပြီး၊ ကျောင်းသား/ ကျောင်းသူများအား ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှု့ကြသည့်အလေ့အကျင့်ကောင်းများရှိစေရန် ကုန်စည်နမူနာများဖြင့် ပြသဖတ်ကြားစေ၍ ဆုချီးမြှင့်မှုများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဦးစောသန်းအောင်(ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူများထိခိုက်နစ်နာမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)၊ စားသုံးသူရေးရာ ဦးစီးဌာနအင်တာနက်စာမျက်နှာ၊ DOCA Myanmar Mobile Application ၊ စားသုံးသူရေးရာ ဦးစီးဌာနFacebookစာမျက်နှာများနှင့် ဌာန Website တွင် တိုင်ကြားနိုင်သည့် အခြေအနေများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ဟောပြောဆွေးနွေးမှုအပြီးတွင် ကျောင်းမုန့်ဈေးတန်းရှိ ကုန်စည်များအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)