ကျောက်ဆည်ခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိသောခရိုင်တစ်ခု ဖြစ်ပြီးစပါစိုက်ပျိုးမှုကို အဓိကထားစိုက်ပျိုးခြင်းကြောင့် သွင်းအားစုအဖြစ် မြေသြဇာကိုထည့်သွင်း၍ အသုံးပြုလျက်ရှိပါသည် ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် လယ်တွင်းကိုးခရိုင်တွင် တစ်ခုပါဝင်ပြီး မိုးစပါးကို စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးချိန်တွင် မြေသြဇာဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်းသိရှိရပြီး ယခုအချိန် မိုးစပါးများရိတ်သိမ်းပြီးချိန်တွင် စျေးနှုန်းများအနည်းငယ်ကျဆင်းခဲ့ပြီး ယခုလက်ရှိ မြေသြဇာဈေးနှုန်းအနေဖြင့် ထိုင်း(ပုလဲ) တစ်အိတ်(50)Kgလျှင်(၁၀၀၀၀၀/-) ကျပ် ၊ အာမို(ပုလဲ) တစ်အိတ်(50)Kgလျှင်(၁၁၂၀၀၀/-)ကျပ် ၊ ပန်းဖူး တစ်အိတ်(50)Kg လျှင်(၁၁၇၀၀၀/-) ကျပ် ၊ ပုလဲသာ တစ်အိတ်(50)Kg လျှင်(၁၀၀၀၀၀/-) ကျပ်၊ ပင်သန်(ပုလဲ) တစ်အိတ်(50)Kg လျှင်(၉၄၀၀၀/-)ကျပ် ၊ အာမို (15:15:15) တစ်အိတ်(50)Kg လျှင်(၁၉၀၀၀၀/-)ကျပ် ၊ ကောမက် တစ်အိတ်(50)Kg လျှင်(၇၅၀၀၀/-) ကျပ်၊ မြှားကမ္ဘာ တစ်အိတ် (50)Kg လျှင်(၉၂၀၀၀/-)ကျပ် ၊ သံကွင်း တစ်အိတ်(50)Kg လျှင် (၉၃၀၀၀/-)ကျပ်၊ တက်တိုးဓါတ်ဆား တစ်အိတ်(50)Kg လျှင်(၆၅၀၀၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စျေးကွက်အတွင်းရှိ ဓါတ်မြေသြဇာအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(မန္တလေး)