မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အညာဒေသဖြစ်သည့်အတွက် အညာဒေသထွက်အစားအစာများ ထွက်ပေါ်လျက်ရှိပါသည်။ ဆောင်းရာသီနှင့်နွေအကူးတွင် တမာရွက်များ ဖြိုင်ဖြိုင်ပေါ်လေ့ရှိပါသည်။ ယခု ဇန်နဝါရီလတွင် တမာရွက်နုများ စတင်ထွက်ပေါ်လျက်ရှိပါ သည်။ အညာဒေသတွင် တမာပင်များကို စနစ်တကျ စိုက်ပျိုးထားကြပါသည်။ နွေရာသီတွင်လဲ တမာရိပ်ကအေးမြသလို တမာပန်းရနံ့လေးက သင်းသင်းလေးမွှေးသောကြောင့် ရင်ထဲအေးစေပါသည်။ တမာရွက်နုများကို ခူး၍နနွင်းမှုန့် အနည်းငယ်ထည့်၍ ရေနွေးနှင့်ဖျောရကြောင်း၊ ဖျောပြီးသားတမာရွက်နုနုလေးများကို အခါးလျော့စေရန် မကျည်းသီးမှည့်/ အစိမ်းများဖြင့် ရေအေးအေးထဲတွင် စိမ်ထားရကြောင်း၊ တမာရွက်ပြုတ်များကို အခက်(၃)ခက် ၊ (၅)ခက်ပါ အစီးလေးများလဲ ရောင်းချသလို အလေးချိန်ဖြင့်လည်း (၁၀)ကျပ်သားမှ (၁)ပိဿာအထိလည်း ရောင်းချပေးကြပါသည်။ ပေါ်ဦးပေါ်စတွင် တမာရွက်ပြုတ်(၁၀)ကျပ်သားကို (၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး (၁)ပိဿာဈေးကို (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချပေးကြောင်း ပေါ်ဦးပေါ်စမို့ စားသုံးသူများက ဈေးနှုန်းမြင့်သော်လည်း အဝယ်လိုက်ကြောင်း၊ လှိုင်လှိုင်ပေါ်ချိန်တွင်တော့ ဈေးနှုန်းများကျဆင်းကြောင်း လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် အဝေးရောက်နှင့် တမာရွက်နုများ မထွက်သောဒေသများသို့ ဘူးများဖြင့်ထည့်သွင်း၍ အိမ်အရောက် ရောင်းချပေးလျက်ရှိကြောင်း တစ်နှစ်မှတစ်ခါသာ ထွက်ပေါ်သောတမာရွက်နုများကို စားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)