၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မြို့မ စည်ပင်သာယာဈေးကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မှာယူရောင်းချကြသော်လည်း ယခုအခါတွင် ခရမ်းချဉ်သီးများလှိုင်လှိုင်ပေါများခြင်းနှင့် ဈေးနှုန်းသက်သာခြင်းတို့ကြောင့် ဒေသထွက်ခရမ်းချဉ်သီးများကိုသာ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ယခင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ရိုးရိုးဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/အသေး ပေါ်မူတည်၍ တစ်ပိဿာ လျှင်(၃၀၀၀/၃၅၀၀)ကျပ်ဖြစ်ပြီး (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ရိုးရိုး ဗမာခရမ်းချဉ်သီး တစ်ပိဿာ လျှင်(၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/ အသေး ပေါ်မူတည်၍ တစ်ပိဿာ လျှင်(၂၀၀၀/၂၅၀၀)ကျပ်ဖြစ်ပြီး (၂၅)ကျပ်သားလျှင်(၇၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင် ဇန်နဝါရီလ ဒုတိယပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်မည့်ဆိုပါက ခရမ်းချဉ်သီးဈေးနှုန်း ထက်ဝက်နီးပါးကျဆင်းလျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံအရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)