ပဲခူးတိုင်းဒေသကြီးအနောက် နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့သီးနှံဒိုင်များတွင် ရောင်းချ နေသော သံပုရာသီး ဈေးနှုန်းများမှာ ၂၀၂၅ခု ဇန်နဝါရီလ ပထမပတ်တွင် သံပုရာသီးတစ်လုံး (၂၅) ကျပ်နှုန်း သိရပြီး ၊ ဇန်နဝါရီလ ဒုတိယပတ်တွင် သံပုရာသီး တစ်လုံး (၃၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းများမြင့်တက် လာကြောင်းသိရှိရပါသည်။ ယခုအချိန် ရာသီချိန် ဖြစ်သောကြောင့် သံပုရာသီး များသည် အနည်းငယ် ပေါများပါသည်။
သံပုရာသီးသည် ကျန်းမာရေး အတွက်လည်း အသုံးဝင်ပါသည်။ သံပုရာသီးကို အရည်ဖျော် သောက်လျှင် သွေးတိုးကျစေပါသည်။ သံပုရာသီး အစေ့ကို ဝါးစားလျှင်လည်း သွေးတိုး ကျစေပါ သည်။ သံပုရာသီး၏အကျိုးမှာ ဝိတ်ချခြင်း ၊ အဆီကျခြင်း ၊ ဖျော်ပဲသောက်သောက် ၊ အသုပ် ၊ အုန်းနို့ ခေါက်ဆွဲ ၊မုန့်ဟင်းခါးတွေထဲကို ညှစ်ပြီးစားကြပါသည်။ သံပုရာသီးသည် အချဉ်အရသာ ရှိတဲ့အတွက် ကယ်လ်လိုရီ ၊ ကာဗိုဟိုက်ဒရိတ် ၊ ပရိုတင်း ၊ အဆီ ၊ အမျှင်ဓာတ် ၊ဗီတာမင်C ၊သံဓာတ်၊ ကယ်လ်ဆီယမ် ၊ဗီတာမင် B6 ၊ ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ်တို့လည်း ပါဝင်ပါသည်။ ဗီတာမင်C ကြွယ်ဝတာကြောင့် အနာကျက် မြန်စေသလို ရောင်ရမ်းမှုကို သက်သာစေပါသည်။ အရေပြား ကျန်းမာလှပစေဖို့လည်း အားဖြည့်ပေးပါသည်။နှလုံးရောဂါလည်း ကာကွယ်ပေးနိုင်ပါသည်။
သံပုရာသီးသည် ကျန်းမာရေး အတွက်ကောင်းတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အများကြီးစားမိရင် ထိခိုက်တာမျိုး ဖြစ်စေပါသည် ။ စားသုံးသူ ပြည်သူများအနေဖြင့် ဗီတာမင်ဓာတ် များပြီး လူသားတွေရဲ့ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာ ဖြစ်တဲ့မြန်မာ သံပုရာသီးအား စားသုံးခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်ပြီး ဈေးကွက်တွင် သီးနှံတစ်ခု ဖြစ်ကြောင်း ကျန်းမာရေး ရှုထောင့်မှ တင်ပြပေးလိုက်ပါသည် ။
DOCA(ပဲခူး)