Main menu

ကန့်ဘလူမြို့နယ်အတွင်းရှိ ဂေါ်ဖီထုတ်(မုံလာထုတ်) ဈေးနှုန်းအခြေအနေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်(မုံလာထုတ်)ကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့မြို့မဈေးတွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ဂေါ်ဖီထုတ် (မုံလာထုတ်)များကို ယခင်လများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလဖြစ်သည့်  ဒီဇင်ဘာလ နှင့် ဇန်နဝါရီလ လဆန်းပိုင်းတွင် ဒေသတွင်းလှိုင်လှိုင်ထွက်ရှိသည့် ဂေါ်ဖီထုတ် (မုံလာထုတ်)များကိုသာ ဝယ်ယူရောင်းချလျက်ရှိပြီး ဂေါ်ဖီထုတ် (မုံလာထုတ် ) များကို အထုတ်ကြီး/ အ‌သေး သောင်းပြောင်းဝယ်ယူကာ ဖောက်သည်ဈေးနှန်းအနေဖြင့် ဂေါ်ဖီထုတ် (မုံလာထုတ်) တစ်ထုတ်လျှင် (၁၅၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/ အသေးပေါ် မူတည်၍ တစ်ထုတ်လျှင်(၂၀၀၀/၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းချခဲ့ပြီး၊  ယခု ဇန်နဝါရီလ တတိယပတ်တွင်လည်း ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/ အသေးပေါ်မူတည်၍ တစ်ထုတ်လျှင် (၂၅၀၀/၂၈၀၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  ယခင် ဇန်နဝါရီလ ဒုတိယအပတ် ဈေးနှုန်းနှင့် ယခုဇန်နဝါရီလ တတိယအပတ်တွင် ဖြစ်ပေါ်ခဲ့သော ဂေါ်ဖီထုတ်ဈေးနှုန်းတို့ကို နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)