
၂၀၂၅ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မြို့မ စည်ပင်သာယာဈေးကွက် အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်တွင် ကြက်သွန်ဖြူ ဈေးနှုန်း အနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သားလျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၂၅)ကျပ်သား လျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း ဈေးနှုန်း အသီးသီးရောင်းချခဲ့ပြီး ယခု ဇန်နဝါရီလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သား လျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း အသီးသီး ရောင်းချလျက်ရှိကြောင့် ယခင် ဇန်နဝါရီလ ဒုတိယအပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကြက်သွန်ဖြူအရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)