Main menu

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ပန်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီး ဈေးနှုန်းများမှာ အလုံးအကြီး/အသေး ပေါ်မူတည်၍ ပန်းသီးအကြီး(၁)လုံးလျှင်(၃၀၀၀)ကျပ်၊ ပန်းသီး အသးတစ်လုံးလျှင်(၂၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီး ဈေးနှုန်းများမှာ အလုံးအကြီး/အသေး ပေါ်မူတည်၍ ပန်းသီးအကြီး(၁)လုံးလျှင်(၃၀၀၀)ကျပ်၊ ပန်းသီး အသးတစ်လုံးလျှင်(၂၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကာ ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)