Leave a message

Main menu

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ဇီးချိုသီးဈေးနှုန်း /ဈေးကွက်အခြေအနေ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥနှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ဇီးချိုသီးကိုတော့ မန္တလေးမြို့တို့မှ မှာယူရောင်းချသော အသီးများရှိသလို မိမိတို့ကန့်ဘလူ ဒေသထွက် ဇီးချိုသီးခြံမှ ဖောက်သည်ယူပြီးရောင်းချခြင်းလည်းဖြစ်ပါသည်။ မန္တလေးမြို့တို့မှ ဖောက်သည် မှာယူရောင်းချသော ဇီးချိုသီးမှာ ပိဿာချိန်(၉/၁၀)ပိဿာခန့် တစ်ဖာလျှင်(၂၀၀၀၀)ကျပ် ဖြင့် ဝယ်ယူရပြီး ဒေသထွက်ဇီးခြံများမှ ဇီးချိုသီးဈေးမှာ တစ်ပိဿာလျှင်(၅၅၀၀/၆၀၀၀)ခန့်ရှိသည့် အတွက် ဈေးကြီး၍ ရောင်းအားနည်းသည့်အတွက် အနည်းငယ်သာမှာယူရောင်းချပါသည်။

         ၂၀၂၅ ခုနှစ်၊ ယခင် ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ဇီးချိုသီးဈေးနှုန်းများမှာ မန္တလေးမြို့မှ မှာယူရသော ဇီးချိုသီးမှာ တစ်ပိဿာလျှင်(၄၅၀၀)ကျပ်နှင့် ၇၅ကျပ်သားခန့် တစ်ထုတ် လျှင်(၃၅၀၀)ကျပ်၊ ‌ကန့်ဘလူဇီးခြံမှာထွက်သော ဒေသထွက်ဇီးချိုသီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ဇီးချိုသီးဈေးနှုန်းမှာ မန္တလေးမြို့မှ မှာယူရသော ဇီးချိုသီးမှာ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှင့် ၇၅ကျပ်သားခန့် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ‌ကန့်ဘလူ ဇီးခြံမှထွက်ရှိသော ဒေသထွက်ဇီးချိုသီး တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးဖြင့် ဖြစ်လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့် မည်ဆိုပါက မန္တလေးမြို့မှ မှာယူရောင်းချရသော ဇီးချိုသီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

a