
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ လိမ္မော်သီးဈေးနှုန်းများမှာ ရွှေလိမ္မော်သီး(၁)လုံးလျှင်(၈၅၀)ကျပ်၊ (၅၀၀၀)ဖိုးလျှင်(၇)လုံး၊ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၆၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ လိမ္မော်သီး ဈေးနှုန်းများမှာ ရွှေလိမ္မော်သီး(၁)လုံးလျှင်(၈၅၀)ကျပ်၊ (၅၀၀၀)ဖိုးလျှင်(၇)လုံး၊ ရွှေလိမ္မော်သီး ချိန်သား တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ပျားလိမ္မော်သီး တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၅၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပျားလိမ္မော်သီးဈေးနှုန်း တစ်ပိဿာလျှင်(၄၀၀၀)ကျပ် ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)