Main menu

အမေရိကန်သို့ဗီယက်နမ်၏ တင်ပို့မှုမြှင့်တင်ရန် ကျွမ်းကျင်ပညာရှင်များ အကြံပေး

Powered by Drupal

          ဗီယက်နမ်နှင့်အမေရိကန်အကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် များပြား သော အခွင့်အလမ်းနှင့် သိသာထင်ရှားသောစိန်ခေါ်မှုနှစ်မျိုးစလုံးရှိနေကြောင်း သိရပါသည်။ လတ်တ လောတွင် အမေရိကန်သည် ဗီယက်နမ်၏အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ် ရပ်တည် နေပြီး နိုင်ငံသည် အမေရိကန်ထံမှ မိုက်ခရိုချပ်စ်နှင့် ဆီမီးကွန်ဒတ်တာကဲ့သို့သော နည်းပညာမြင့် ကဏ္ဍများတွင် ဆက်လက်ဆွဲဆောင်နေလျှက်ရှိကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် အချက် အလက်များအရ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၃၂ ဘီလီယံ ရှိခဲ့ ကြောင်းသိရပါသည်။ ထိုပမာဏထဲတွင် ဗီယက်နမ်၏အမေရိကန်သို့တင်ပို့မှုမှာ အမေရိကန် ‌ဒေါ်လာ ၁၁၉ ဘီလီယံ(၂၃.၃ ရာခိုင်နှုန်းမြင့်တက်) ရှိခဲ့ပြီး ပြန်လည်တင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံ(၇.၃ ရာခိုင်နှုန်းမြင့်တက်) ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ နိုဝင်ဘာလ အထိတွင် အမေရိကန်သည် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနီးပါး ရှိသော စီမံကိန်း ၁၄၀၀ ခုရှိကြောင်း သိရပါသည်။ အမေရိကန်- ဗီယက်နမ်စီးပွားရေးကောင်စီ၏ ဥက္ကဌ ဖြစ်သူ Kevin Morgan ကအမေရိကန်အစိုးရအသစ်၏ ကုန်သွယ်ရေးနှင့်အကောက်ခွန်မူဝါဒ သစ်များချမှတ်နိုင်မှုသည် မသေချာကြောင်းနှင့် ဈေးကွက်အတွင်း ထိရောက်စွာဆက်လက် လည်ပတ်နိုင်ရန် များစွာသောဖြစ်နိုင်ချေများအတွက် စီစဉ်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်ကုန်သွယ်ရေးမူဝါဒများ ပြောင်းလဲနိုင်မှု သည် များစွာသော လွတ်လပ်သော ကုန်သွယ် ရေးသဘောတူညီချက်များတွင် ပါဝင်ထားသည့် ဗီယက်နမ်အတွက် အခွင့်အလမ်းသာမက စိန်ခေါ်မှုပါရှိနိုင်ကြောင်း သိရပါသည်။ သို့သော် အမေရိကန်၏ ရှုပ်ထွေးသောဥပ‌‌ဒေမူဘောင်က ဈေးကွက်သည် စွန့်စားရမှုများရှိနိုင်သည်ကို ဆိုလိုကြောင်းသိရပါသည်။ ဗီယက်နမ်လုပ်ငန်းများ သည်လည်း အမေရိကန်တွင် သွင်းကုန် လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရေးသမားများနှင့် ပူးပေါင်း၍  ပြောင်းလွယ်ပြင်လွယ်ရှိသော ငွေပေးချေမှုစနစ်ကိုရှာဖွေသင့်ကြောင်း သိရပါသည်။ စိုက်ပျိုး မွေးမြူရေးနှင့် အစားအစာ ထုတ်ကုန်များအတွက် စီးပွားရေးလုပ်ငန်းများသည် အဓိကအမေရိကန် ဆိပ်ကမ်းများတွင် များစွာသော ထုတ်ကုန်အမျိုးအစားများကို ကိုင်တွယ်နိုင်စွမ်းရှိစေရန်အတွက် ဖြန့်ဖြူးရေး စင်တာများ တည်ထောင်ရန် အအေးသိုလှောင်ခန်းဝန်ဆောင်မှုများ၌ ရင်းနှီးမြှုပ်နှံ သင့်ကြောင်း သိရပါသည်။ ထိုဆောင်ရွက်မှုသည် ၎င်းတို့အား ကုန်ကျစရိတ်များလျှော့ချရန်နှင့် ဈေးကွက်သို့ တင်ပို့သည့်အခါ ထောက်ပံ့မှုကွင်းဆက်အပေါ် ထိန်းချုပ်နိုင်စွမ်းအားကောင်းစေရန် ကူညီပေး နိုင်မည်ဟုသိပါသည်။ ထို့ပြင်ကျွမ်းကျင်သူများက ကုန်သွယ်ရေးမူဝါဒသစ်များသည် ကုန်သွယ်ရေး၊ အကောက်ခွန်၊ နည်းပညာ၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု အစရှိသည့် ဧရိယာများတွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို သက်ရောက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့ပါ သည်။ ပြည်တွင်းလုပ်ငန်းများ အထူးသဖြင့် အသေးစား- အလတ်စားလုပ်ငန်းများသည် ထွန်းသစ်စခေတ်ရေစီးကြောင်းများနှင့်အညီ ရင်ဘောင်တန်းနေသင့်ပြီး အနာဂတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် ချိတ်ဆက်မှုအားကောင်းသင့်သည်ဟု သိရပါသည်။

DOCA(ရန်ကုန်)