Main menu

အင်ဒိုနီးရှားသည် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုအကောက်ခွန် လျှော့ချရန်အဆိုပြု

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံသည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အမေရိကန်သို့ ကုန်သွယ်မှုခွန် လျှော့ချရေး အဆိုပြုရန် စီစဉ်နေကြောင်း အင်ဒိုနီးရှား စီးပွားရေးရာ ညှိနှိုင်းရေး ဝန်ကြီး Airlangga Hartarto က ၁၃.၁.၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ယခုလုပ်ဆောင်မှုသည် ဇန်နဝါရီ ၂၀ ရက်တွင် စတင်တာဝန်ယူမည့် အမေရိကန် ရွေးကောက် ခံသမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးအဖွဲ့၏ မျှော်မှန်းထားသော သွင်းကုန် အကောက်ခွန်မူဝါဒများ ကို လျော့ပါးသက်သာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိ ရသည်။

အကောက်ခွန်များ လျှော့ချရန် နှင့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား တောင်းဆိုနေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ထရမ့်သည် ရာထူးမတက်ရသေးသော်လည်း US မှ ဖိနပ်နဲ့ အဝတ်အစားများကဲ့သို့သော အင်ဒိုနီးရှားထုတ်ကုန်များအပေါ် အခွန်ကောက်ခံထားပြီးဖြစ်ကြောင်း Airlangga ၏ အဆိုအရ သိရသည်။

ထရမ့်သည် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး လာမည့် သီတင်းပတ်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

DOCA(ရန်ကုန်)