Main menu

၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်၏ ကားရောင်းချမှုစံချိန်တင်မြင့်တက်

Powered by Drupal

          ခရီးသည်တင်ကားများနှင့် စီးပွားရေးလုပ်ငန်းသုံးကားများအတွက် ဝယ်လိုအားကောင်းမှု ကြောင့် ဖိလစ်ပိုင်မော်တော်ကားလုပ်ငန်းသည် ၂၀၂၄ ခုနှစ်ကို စံချိန်တင်အစီးရေ ၄၆၇၂၅၂ စီး ရောင်းချရမှုနှင့် ပိတ်သိမ်းနိုင်ခဲ့ပြီး ရည်မှန်းထားသည့် အစီးရေ ၄၆၈၃၀၀ စီးထက် အနည်းငယ် သာလျှော့နည်းခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်မော်တော်ကားထုတ်လုပ်သူများအသင်း (CAMPI) နှင့် ထရပ်ကားထုတ်လုပ်သူများအသင်း (TMA) က ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်သည့် အချက်အလက်များအရ မော်တော်ကားရောင်းချရမှုသည် ၂၀၂၄ ခုနှစ်တွင် အစီးရေ ၄၆၇၂၅၂ စီးဖြင့် ၂၀၂၃ ခုနှစ်ကရောင်းချခဲ့ရသည့် အစီးရေ ၄၂၉၈၀၇ စီးထက် မြင့်တက် ခဲ့ကြောင်း သိရပါသည်။ CAMPI ၏ ဥက္ကဌဖြစ်သူ Rommel Gutierrez က စုစုပေါင်းဈေးကွက် သည် ၂၀၂၅ ခုနှစ်တွင်လည်း ကြီးထွားမှုတည်ငြိမ်သည့်လမ်းကြောင်းပေါ်တွင် ဆက်လက်တည်ရှိ နေကြောင်း ပြောကြားခဲ့ပါသည်။ ခရီးသည်တင်ကားရောင်းချရမှုသည် ၂၀၂၄ ခုနှစ်တွင် အစီးရေ ၁၂၀၇၇၀ စီးဖြင့် ၂၀၂၃ ခုနှစ်ကရောင်းချခဲ့ရသည့် အစီးရေ ၁၀၉၂၆၄ စီးထက် ၁၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စီးပွားရေးလုပ်ငန်းသုံးကားရောင်းချရမှုမှာ ၂၀၂၄ ခုနှစ်တွင် အစီးရေ ၃၄၆၄၈၂ စီးဖြင့် ၂၀၂၃ ခုနှစ်ကရောင်းချခဲ့ရသည့် ၃၂၀၅၄၃ စီးထက် ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဒီဇင်ဘာလတစ်လတည်းတွင် CAMPI နှင့် TMA စုစုပေါင်း ကားရောင်းချမှုမှာ အစီးရေ ၄၂၀၄၄ စီးရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကရောင်းချခဲ့ရသည့် အစီးရေ ၃၉၁၅၃ စီးထက် ၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တိုယိုတာမော်တာ ဖိလစ်ပိုင်ကော်ပိုရေးရှင်းသည် ပြည်တွင်းစုစုပေါင်းမော်တော်ကားရောင်းချရမှု၏ ၄၆.၇ ရာခိုင်နှုန်း ဖြင့် ဈေးကွက်ဦးဆောင်သူဖြစ်ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏နောက်တွင် မစ်ဆူဘီရှီမော်တာ ဖိလစ်ပိုင်ကော်ပိုရေးရှင်းက ဈေးကွက်ဝေစု၏ ၁၉ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၊ ဖို့ဒ်မော်တော ကော်ပိုရေးရှင်းဖိလစ်ပိုင်က ဈေးကွက်ဝေစု၏ ၆ ရာခိုင်နှုန်းဖြင့် တတိယနေရာ၊ နစ်ဆန်းဖိလစ်ပိုင် က ၅.၇ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာနှင့် ဆူဇူကီးဖိလစ်ပိုင်က ၄.၄ ရာခိုင်နှုန်းဖြင့် ပဥ္စမနေရာတွင် ရပ်တည်နေကြောင်း သိရပါသည်။

DOCA(ရန်ကုန်)