Main menu

အာဖဂန်နစ္စတန်သည် ကြက်မွေးမြူရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြုပ်နှံမည်

Powered by Drupal

          အာဖဂန်နစ္စတန်နိုင်ငံ၏ အသားနှင့်ဥများဖူလုံစွာထုတ်လုပ်နိုင်ရေးအတွက် အာဖဂန်နစ္စ တန်နိုင်ငံရှိ ကြက်မွေးမြူရေးကဏ္ဍတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော်ရင်းနှီးမြုပ်နှံ ထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကဘူးလ်နှင့်မွေးမြူရေး လုပ်ငန်းရှင်များကဆိုသည်။

          ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများသည် ကြက်မွေးမြူရေးကဏ္ဍတွင်ဒေါ်လာ ၁ ဘီလီယံ ကျော်ရင်းနှီးမြုပ်နှံထားပြီး လက်ရှိတွင် အာဖဂန်နစ္စတန်၌ကြက်ခြံပေါင်း ၁၅၀၀၀ ကျော်ရှိကြောင်း ဒေသတွင်း မီဒီယာ Tolonews မှ Misbahuddin Mustaeen ၏ ပြောကြားချက်ကို ကိုးကား၍ ၁၂.၁.၂၀၂၅ ရက်နေ့ကဖော်ပြခဲ့သည်။ ဝန်ကြီးဌာနသည် ကြက်မွေးမြူရေးသမားများအားဆက် လက်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူထံမှ သိရသည်။

          တစ်ချိန်တည်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေကုန်သည်များအသင်းမှ လက်ထောက်ဖြစ်သူ Mirwais Haji Zada က ရင်းနှီးမြုပ်နှံသူများထံသို့ မြေယာများထပ်မံဖြန့်ဝေပြီး နှစ်ရှည်ငှားရမ်းပါက နိုင်ငံအတွင်းကြက်မွေးမြူရေးလုပ်ငန်းမြှင့်တင်ရေးအတွက် ကြက်မွေးမြူရေးကဏ္ဍတွင် ပိုမိုရင်းနှီး မြုပ်နှံမှုများ ပြုလုပ်လာကြမည်ဖြစ်ကြောင်း Tolonews သို့ ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)