Main menu

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော စပျစ်သီးဈေးနှုန်း/ ဈေးကွက်အခြေအနေ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စပျစ်သီးဈေးနှုန်းများမှာ စပျစ်သီး တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၁၀ကျပ်သား လျှင်(၂၅၀၀)ကျပ်ဈေးနှုန်းအသီးသီးဖြင့် ‌အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ယခု ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီး တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၁၀ကျပ်သား လျှင်(၂၅၀၀)ကျပ် နှင့် ရက်ကြာ၍ အနည်းငယ်ညှိုးနွမ်းနေသော စပျစ်သီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ၂၅ကျပ်သား လျှင်(၅၀၀၀)ကျပ်၊ ၁၀ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စပျစ်သီးဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)