ပါကစ္စတန်နိုင်ငံ ကုန်သွယ်မှုကော်ပိုရေးရှင်း (TCP) နှင့် ဘင်္ဂလားဒေ့ရှ်စားနပ်ရိက္ခာ ညွှန်ကြားရေးမှူးဦးစီးဌာနတို့သည် ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်သို့ဆန်တင်ပို့ရန်အတွက် နားလည် မှုစာချွန်လွှာ (MOU) ကို အစိုးရချင်းအပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
TCP ဥက္ကဌ Syed Rafeo Bashir Shah နှင့် ဘင်္ဂလားဒေ့ရှ်စားနပ်ရီက္ခာ ညွှန်ကြားရေးမှူးချုပ် Md Abdul Khaleque တို့သည် သက်ဆိုင်ရာနှစ်ဖက်ကိုယ်စား MOU ကို ၁၄.၁.၂၀၂၅ ရက်နေ့က ဒါကာ၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
အဆိုပါ နားလည်မှုစာချွန်လွှာသည် ပြည်တွင်းဆန်စျေးကွက်တည်ငြိမ်ရေးနှင့် စီးပွားရေး နှင့်ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရေးအတွက် နယ်ပယ်အသစ်များ ဖွင့်လှစ်ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
DOCA(ရန်ကုန်)