၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ပထမကိုးလတာကာလအတွင်း မြန်မာ့ရေထွက်ကုန် ၄၂၀၃၀၈ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂၁ သန်းရရှိခဲ့ကြောင်းအစိုးရပိုင်မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား (MRTV) ဌာနမှ ဇန်နဝါရီ ၁၅ ရက်နေ့က ဖော်ပြချက်အရသိရသည်။
၎င်းသည်ယခင်ဘဏ္ဍာနှစ်အလားတူ ကာလတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၁၈ သန်း ရရှိခဲ့ သော တန်ချိန် ၃၄၅၀၀၀ ထက်တိုးမြင့်လာခြင်းကို အမှတ်အသားပြလျှက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ အစီအရင်ခံစာတွင်ဖော်ပြထားသည်ကိုကိုးကား၍ သတင်းဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
မြန်မာရေထွက်ကုန်များအားနိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ တိရိစ္ဆာန်နှင့် ရေထွက်ပစ္စည်း၊ ဓာတ်သတ္တုပစ္စည်း၊ သစ်တောထွက်ပစ္စည်းများနှင့် ထုတ်လုပ်မှုကုန်ပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့အပါအဝင် နိုင်ငံခြားကုန်သွယ်မှုမိတ်ဖက်နိုင်ငံများသို့ အဓိကတင်ပို့လျှက်ရှိသည်။
DOCA(ရန်ကုန်)