Main menu

ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံအထိရောက်ရှိရန်မျှော်မှန်းထား

Powered by Drupal

          ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှ ဝင်ငွေသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံရရှိရန်ရည်ရွယ်ထားပြီး ၂၀၂၄ ခုနှစ်တွင်‌ဒေါ်လာ ၇.၁ ဘီလီယံ ရရှိမှု ၏ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်သည်ဟု ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက် လုပ်ငန်းရှင်များ အသင်းအားကိုးကား၍ ပြည်တွင်းမီဒီယာများက ၁၄.၁.၂၀၂၅ ရက်နေ့က ဖော်ပြခဲ့သည်။ ဤကုန်သွယ်ရေးတင်းမာမှုများနှင့် ပထဝီဝင်နိုင်ငံရေးပဋိပက္ခများသည် ၂၀၂၅ ခုနှစ်တွင် လယ်ယာ ပို့ကုန်အတွက် အဓိကစိန်ခေါ်မှုများဖြစ်နိုင်သော်လည်း ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ ပို့ကုန်ပစ်မှတ်သည်။ ဖြစ်နိုင်ချေရှိပြီး အဓိကစျေးကွက်များတွင် ၎င်းတို့၏ ရှယ်ယာများကို စီးပွား ရေးတိုးချဲ့မှု နှင့်ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်နေကြောင်းအသင်းဥက္ကဠ Nguyen Thanh Binh မှ ပြောကြားခဲ့သည်။ စီးပွားရေးလုပ်ငန်းများသည် ထုတ်ကုန် အရည်အသွေး မြင့်တင်ရန်နှင့် ယှဥ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အလေးထားဆောင်ရွက်သင့်ပြီး နှစ်နိုင်ငံဘက်စုံ လွတ်လပ်သော ကုန်သွယ်မှုသဘော တူညီချက်များကို တင်းကြပ်စွာ လိုက်နာဆောင်ရွက်သင့် ကြောင်း၎င်းကပြော ကြားခဲ့သည်။ စိုက် ပျိုး‌ရေးနှင့် ကျေးလက်‌‌‌ဒေသ ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၇.၁ % တိုးလာပြီး ပထမနှစ်တွင်ဝင်ငွေဒေါ်လာ ၇ ဘီလီယံကျော်လွန်ခဲ့ ကြောင်းသိရသည်။ ဗီယက်နမ် ထုတ်ကုန်များသည် အဓိကစျေးကွက်များတွင် ၎င်း၏တည်ရှိမှုမှာ သိသိသာသာ အားကောင်း လာကာ တရုတ်တွင်လည်းတတိယနေရာမှ ဒုတိယနေရာသို့ တက်လာကာ အမေရိကန် တွင် ၃၀% ကျော်နှင့် ထိုင်းနိုင်ငံတွင် ၈၀% ကျော်အထိ သိသိသာသာ တိုးတက်မှုရှိကြောင်း ဝန်ကြီးဌာန၏ အဆိုအရသိရသည်။

DOCA(ရန်ကုန်)