Main menu

“ ဖက်ပွင့်(ခ)ဖက်သန်းဈေးကွက်”

Powered by Drupal

            တောင်ကြီးမြို့ရှိ အမှတ်(၅)ဈေး၊ (၅)ရက်ဈေးနှင့် မြို့မဈေးကြီး ကုန်စိမ်းဈေးတန်းများတွင် ဖက်ပွင့်(ခ) ဖက်သန်းပွင့်များကို အပွင့်လိုက်၊ အတွဲလိုက်ရောင်းချကြောင်းသိရှိရပြီး (၁၀)ပွင့်လျှင် (၁၅၀ဝိ/-)ကျပ်ဖြင့်လည်းကောင်း၊ (၂)ပွင့်ချင်းစီတွဲထားသော(၅)တွဲပါ(၁)တွဲလျှင်(၁၀၀ဝိ/-)ကျပ်နှုန်း ဖြင့်လည်းကောင်းရောင်းချကြောင်းသိရှိရပါသည်။

          ဖက်ပွင့်(ခ)ဖက်သန်းပွင့်သည် အညာဒေသမှထွက်ရှိသောအရသာနှင့် ရှမ်းပြည်ဒေသမှထွက်ရှိ သောအရသာမတူညီဘဲအနည်းငယ်ကွဲပြားကြောင်း၊ အညာဒေသမှထွက်ရှိသောအရသာသည် ခါးသက်မှု ရှိပြီး ရှမ်းပြည်ဒေသမှထွက်ရှိသောအရသာသည် ခါးသက်မှုမရှိကြောင်း စိုက်ပျိုးသည့်နေရာဒေသလိုက်၍ အရသာအနည်းငယ်ကွဲပြားကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှစုံစမ်းသိရှိရပါသည်။

          ဖက်ပွင့်(ခ)ဖက်သန်းပွင့်များကို နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့်ဇန်နဝါရီလ(ဒုတိယအပတ်)အထိ ဈေးကွက်အတွင်း၌ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ပုံမှန်ဈေးနှုန်းအတိုင်း အတက်/အကျမရှိဘဲ ရောင်းအား ကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

          ဖက်ပွင့်(ခ)ဖက်သန်းပွင့်များကို ကြော်စားခြင်း၊ သုပ်စားခြင်း၊ ချက်စားခြင်းနှင့် အတို့အမြှုပ် အဖြစ်စားသုံးကြကြောင်းသိရှိရပြီး စားသုံးသူများပြား၍ ရောင်းဝယ်မှုကောင်းနေကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)