Main menu

“ပင်စင်လစာထုတ်(အငြိမ်းစား) ဝန်ထမ်းများအားလစဉ်စားအုန်းဆီရောင်းချပေးလျက်ရှိ”

Powered by Drupal

          ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားရုံတွင် (၂၃-၁၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်မှစ၍ ပင်စင်လစာထုတ်(အငြိမ်းစား)ဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်၍ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူပေါင်းပြီး ပင်စင်လစာထုတ်(အငြိမ်းစား)ဝန်ထမ်း တစ်ဦးလျှင်စားအုန်းဆီ (၁) ပိဿာနှုန်း ဖြင့်(၅၁၀)ဦးခန့်အား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။ ပင်စင် လစာထုတ်(အငြိမ်းစား)ဝန်ထမ်းများအား သက်သာချောင်ချိရေးအတွက် စားအုန်းဆီအပြင် ကြက်ဥများကိုလည်း လာရောက်ရောင်းချပေးနေကြောင်းနှင့်ကြက်ဥများကို ပြည်နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ညွှန်ကြားမှုဖြင့် သစ်တောရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံမှ ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ရာ အငြိမ်းစားဝန်ထမ်းများအနေဖြင့်လည်း စားအုန်းဆီနှင့်ကြက်ဥများကို ဈေးသက်သာစွာ လစဉ်ဝယ်ယူရရှိနိုင်သဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)