Main menu

ထားဝယ်မြို့ရှိကြံစျေးနှုန်းနှင့်ကြံရည်

Powered by Drupal

           ထားဝယ်မြို့၏ စျေးကွက်အတွင်း ကြံရည်စျေးကွက်မှာလည်း စျေးကောင်းလျှက် ရှိကြောင်း သိရှိရပါသည်။ ကြံကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။

          ဆောင်းတွင်းကာလဖြစ်သော်လည်း သဘာဝပျော်ရည်တစ်မျိုးဖြစ်သည့် ကြံရည်ဆိုင်များ လည်းတွေ့ရပါသည်။ ကြံရည်ကို သံပုရာသီး၊ ဂျင်း၊ မြင်းခွာရွက်၊ တို့နှင့်လည်းသောက်သုံး၍ရပါသည်။ အခြားသောက်စရာတွေနဲ့မတူဘဲ သကြားစစ်စစ်မှရ‌သော အချိုရည်တစ်မျိုးဖြစ်သောကြောင့် ခန္ဓာ ကိုယ်ရေဓာတ်ကို လည်းဖြည့်ပေးနိုင်ပါသည်။ ထားဝယ်မြို့ရှိ ဒေသထွက် ကြံစျေးနှုန်းများမှာ (၁၀) ချောင်းပါ တစ်စည်းစျေးနှုန်း (၂၀၀၀၀)ကျပ်၊ ကြံရည်တစ်ခွက်စျေးနှုန်းမှာ (၁၅၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)