Main menu

ထားဝယ်မြို့ငရုတ်သီးစိမ်းစျေးနှုန်း

Powered by Drupal

          ထားဝယ်မြို့ စည်ပင်သာယာစျေးတွင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကို ရောင်း ချလျက်ရှိရာ ကုန်စိမ်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ပြောင်းချို၊ မုန်ညင်းထုတ်၊ ခါကြက်ဉ၊ သံပုရာသီးနှင့် တိုင်ထောင်ဗိုလ်စားပဲသီးတို့အပြင် ငရုတ်သီးစိမ်း၊ ပန်းငရုတ်ပွစသည့်အသီး အနှံများကိုလည်း ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်း၌ ဖြစ်ပေါ်နေသော ငရုတ်သီး စျေးနှုန်း/စျေးကွက်အနေဖြင့် မိုးမျှော်ငရုတ် သီး(ကျောက်စိမ်းသီး)တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း စည်ပင်သာယာစျေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)