စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၇) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပုဇွန်တောင်ဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ စစ်ဆေးရာတွင် ပုဇွန်တောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချနေ သော မြန်မာရနံ့ငြုပ်ကောင်းမှုန့်၊ အများကြိုက်မဆလာ၊ AJT-NO-MOTO အချိုမှုန့်၊ Shark ငါးသေတ္တာတို့တွင် FDA ထောက်ခံချက်များ ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိနှင့် ပါဝင်ပစ္စည်း ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိမှု အခြေအနေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှုအခြေအနေ၊ အလေးချိန်/ပမာဏ နှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်း တွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်စည်များ ရောင်းချခြင်းမပြုရန် သတိပေးအကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)