Main menu

ပြည်မြို့၏မုန့်ဟင်းခါးဖတ်ဈေးကွက်

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မုန့်ဟင်းခါးဖတ်ပြုလုပ်သူ လုပ်ငန်းရှင်(၂၁)ဦး ရှိပြီး လုပ်သားအရေအတွက်မှာ (၁၁၀)ဦးရှိပါသည်။ မုန့်ဟင်းခါးဖတ်ပြုလုပ်ရန်အတွက် ဆန် (သို့မဟုတ်)ဆန်ကွဲကို ပြည်မြို့ရှိဆန်ပွဲရုံများမှ ဝယ်ယူရပါသည်။ ကုန်ကြမ်းဆန်တစ်အိတ်လျှင် မုန့်ဟင်းခါးဖတ် (၆)ပိဿာထွက်ရှိပါသည်။ မုန့်ဟင်းခါးဖတ်ပြုလုပ်ရာတွင် တစ်ရက်လျှင် မုန့်ဖတ် ထုတ်လုပ်နိုင်မှုမှာ ခန့်မှန်းခြေ ပိဿာ (၁၅၀/၂၀၀) ပိဿာထိထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် (၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျသည်ဟု သိရှိရပါသည်။ထုတ်လုပ်ရရှိသော မုန့်ဟင်းခါး ဖတ်များကို ပြည်မြို့ပေါ်ရှိစည်ပင်သာယာဈေးများနှင့် မုန့်ဟင်းခါးဆိုင်များသို့ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချပါသည်။

          မုန့်ဟင်းခါးဖတ်ကို ယခင်က မိရိုးဖလာပြုလုပ်ကြရာမှ အိမ်တွင်းစက်မှုလုပ်ငန်းအဖြစ် အသွင်ပြောင်းပြီး အရင်းအနှီးများများဖြင့် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာနိုင်မည်ဆိုပါက အကျိုးအမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အလုပ်သမားများများဖြင့် လုပ်ငန်းများ တိုးတက်ထုတ်လုပ်လာနိုင်လျှင် ပတ်ဝန်းကျင်ရှိလူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ‌‌‌ပေးနိုင်မည်ဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ပဲခူး)