Main menu

ဒေသတွင်း လက်လီအရောင်းအဝယ်သာရှိသည့် ပြည်ချင်းဈေးကွက်

Powered by Drupal

        ပြည်(ချင်း)ပွဲရုံများသို့ နယ်ဘက်အဝယ်နည်းနေပြီး ခရိုင်အတွင်းလက်လီသမားများသာ အရောင်းသမားများသာရှိနေကြောင်း သိရှိရပါသည်။ နယ်လက်အဝယ်နည်းသောကြောင့် အရောင်း အဝယ်အေးနေသည်ဟု ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါသည်။ ချင်းတက်မှာလှပြီး ဈေးသင့်တာကြောင့် လက်လီရောင်းဝယ်ရေးသမားတို့ ရောင်းချရာတွင် အရောင်းအဝယ်အနည်းငယ်ကောင်းလျက်ရှိ ကြောင်းသိရပါသည်။ ချင်းဓါးလှီးသမားတို့ အိတ်အစွဲရှိနေပါသဖြင့် ချင်း‌ဈေးနှုန်းများမှာ တစ်ပိဿာ လျှင်(ပွဲရုံဈေး) (၂၅၀၀-၃၀၀၀)ကျပ်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၅၀၀၀-၇၀၀၀)ကျပ် ဈေးတို့ ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဒေသအတွင်း လက်လီသမားများနှင့် အရောင်းအဝယ် သမားများတို့ အိတ်အစွဲရှိသောကြောင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ တစ်ပတ် အတွင်းပွဲရုံများတွင် ချင်းပိဿာ(၃၀)အိတ်မှ အိတ်(၈၀)ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

DOCA(ပဲခူး)