ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ညောင်ဝန်းအုပ်စုသည် စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် မျိုးစုံကို စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချလျက်ရှိသည့်အပြင် ” မြင်းခွာရွက်” ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။
မြင်းခွာရွက်သည် နွယ်ပင်မျိုးဖြစ်ပြီး နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည်။ အပင်ပြုစုထိန်းသိမ်း နိုင်မှုအပေါ်မှုတည်၍ ၁၀နှစ်မှ နှစ်၂၀အထိ ခူးဆွတ်ရောင်းချနိုင်ပါသည်။ သဲကုန်းမြို့နယ် ညောင်ဝန်း အုပ်စု၊ ဝဲကြီးကျေးရွာတွင် မြင်းခွာရွက် ၀.၂၅ ဧကအကျယ်ရှိမြေကွက်၌ စိုက်ပျိုးရန် ဦးစွာစိုက်ပျိုးမည့် မြေအား ထွန်ယက်ပြုပြင်၍ မြင်းခွာရွက်မျိုးစေ့ တစ်ပြည်ကို ငွေကျပ် (၃၅၀၀၀) ဖြင့် (၁၀) ပြည်အသုံးပြုပါကြောင်း၊ မျိုးစေ့ကြဲပက်ပြီး (၁၄)ရက်သားရှိပါက အစို့များစတင် ထွက်ရှိပြီး (၅၀-၆၀) ရက်သားရှိပါက စတင်ခူးဆွတ် ရောင်းချနိုင်ပါကြောင်း မြင်းခွာရွက်ကို စိုက်ပျိုးပြီးပါက တစ်နှစ်ပတ် လုံးခူးဆွတ် ရောင်းချနိုင်ပြီး ခြောက်သွေ့ရာသီတွင် တစ်လ (၂)ကြိမ် ရေသွင်းပေးရပါသည်။ ကုန်ကျ စရိတ်အနေဖြင့် စတင်စိုက်ပျိုးချိန်မှစ၍ နှစ်တစ်ပတ်လည်မျိုး၊ မြေပြုင်ခအပါအဝင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အပင်အားဆေး၊ အပင်ခူးဆွတ်ခ၊ ပေါင်းမြက်ရှင်းခ၊ ရေသွင်းခ စုစုပေါင်း ငွေကျပ်သိန်း (၇၀)ခန့်ရှိပါကြောင်း၊ မြင်းခွာရွက်ကို တစ်လ (၁)ကြိမ်ခူးဆွတ်ရပြီး စိုက်ဧက ၀.၂၅ ကိုအစီးရေ (၆၀၀၀၀) ထွက်ရှိပြီး၊ တစ်နှစ်လျှင်အစီးရေ ပျမ်းမျှ(၇၀၀၀၀၀)ခန့် ထွက်ရှိပြီး အကျိုးအမြတ်အားဖြင့် ဈေးနှုန်းအတက်အကျ အပေါ်မှုတည်ပါကြောင်း ယခုနိုဝင်ဘာလ ဒုတိယပတ်တွင်တစ်စီးလျှင် လက် ကားငွေကျပ် (၂၀) နှုန်းဖြင့် ရောင်းချရကြောင်း ထွက်ရှိလာသော မြင်းခွာရွက်များကို ဒေသတွင်း မြိုနယ်များ၊ ကုန်စိမ်းဒိုင်များမှတဆင့် ပြည်နှင့်ရန်ကုန်မြို့ များသို့တင်ပို့ရောင်းချကြောင်း မြင်းခွာရွက် စိုက်ပျိုးသူ တောင်သူထံမှ သိရပါသည်။
DOCA(ပဲခူး)