
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းတွင် ရာသီပေါ်သီးနှံမျိုးစုံ ကို စိုက်ပျိုးရောင်းချလျက်ရှိပြီး ဒန့်သလွန်သီးသီးနှံကို နေအိမ်ခြံဝန်းအတွင်း တစ်ပင်နှစ်ပင်ခန့် စိုက်ပျိုးကြပါသည်။ ဒီဇင်ဘာလတွင် ဒန့်သလွန်သီးများ စတင်ထွက်ရှိပြီး ယခုဒီဇင်ဘာလဒုတိယ ပတ်တွင် နတ်တလင်းမြိုနယ်ဈေးကွက်အတွင်း ပေါ်ဦးစဒန့်သလွန်သီး တစ်တောင့်လျှင်အတောင့် အရွယ်အစားကိုလိုက်၍ (၂၀၀ ကျပ်မှ ၄၀၀ ကျပ်)နှုန်းဖြင့်ရောင်းချနေ ကြောင်းသိရပါသည်။ ယခု အချိန်သည်ဒန့်သလွန်သီးများ ပေါ်ဦးစဖြစ်သည့်အတွက် မြို့နယ်တွင်းနှင့် အနီးပတ်ဝန်ကျင် မြို့နယ် များသို့သာ တင်ပို့ရောင်းချနိုင်သော်လည်း လှိုင်လှိုင်ထွက်ရှိပါက သုံးဆယ်မြို့နယ်နှင့် ရန်ကုန်မြို့များ သို့တင်ပို့ ရောင်းချကြောင်းသိရပါသည်။
ဒန့်သလွန်ပင် စိုက်ပျိုးခြင်းကို မိုးဦးကျ ဇွန်လတွင် စတင် စိုက်ပျိုးကြကြောင်း ဒန့်သလွန်ပင်ကို အကိုင်းဖြတ်၍လည်းကောင်း အစေ့တိုက်ရိုတ်ချ၍ လည်းကောင်းစိုက်ပျိုးကြပြီး အစေ့တိုက်ရိုက် စိုက်ပျိုးပင်က အသီးပိုသီးကြောင်း စိုက်ပျိုးပြီး (၂)သားတွင် အသီးများ စတင်သီးပြီး (၄)နှစ်သားမှ (၅)နှစ်သားတွင် အသီးများလှိုင်လှိုင်သီးကြောင်း သိရပါသည်။
ဒန့်သလွန်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အပွင့်၊ အသီး၊ အရွက် အားလုံးကိုစား သောက်ရန်နှင့် ဆေးဝါးအဖြစ်အသုံးပြုကြပါသည်။ ဒန့်သလွန်ပင်၏အမြင့်မှာ ၁၀တောင်မှ ၁၆တောင် အမြင့်ရှိပြီး အရွယ်ရောက်ပြီး အပင်တစ်ပင်လျှင် အတောင့်အရေအတွက် (၁၀၀)မှ (၂၀၀)ကြားထွက် ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)