နိုင်ငံတကာအထည်အလိပ်ကုန်စည်ပြပွဲကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာတွင် ဇန်နဝါရီ ၁၆ ရက်၌ စတင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းအတွင်းမှ နည်းပညာများနှင့် ထုတ်ကုန်များကို ပြသခဲ့သည်။"23rd Dhaka International Yarn and Fabric Show" ကို CEMS-Global USA နှင့် အထည်အလိပ်လုပ်ငန်းခွဲကောင်စီ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ၊ China Council တို့မှ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ ချည်သား၊ အထည်၊ ညှပ်များနှင့် အသုံးအဆောင်ပစ္စည်းများကို အဓိကထား၍ အခိုင်မာဆုံးနှင့် ထိပ်တန်းနိုင်ငံတကာ ပြပွဲများထဲမှ တစ်ခုဖြစ်သည့် အဆိုပါပြပွဲကို International Convention City Bashundhara (ICCB) တွင် ၁၅.၁.၂၀၂၅ရက်နေ့က စတင်ကျင်းပခဲ့ပြီး ၁၈.၁.၂၀၂၅ ရက်နေ့အထိ ဆက်လက်ကျင်းပမည် ဖြစ်သည်။ နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်မှပြခန်း ပေါင်း ၃၂၅ ကျော်သည် ပြပွဲရာနှင့်ချီသော ပြခန်းများတွင် ဖြန့်ကျက်ပြီး ဂျင်းထည်၊ ထိုးထည်၊ ယက်ထည်၊ ပုံနှိပ်ထည်နှင့် ဆေးဆိုးထည်များအပါအဝင် အထည်မျိုးစုံကို ပြသထားပြီး ၎င်းတို့၏ ထုတ်ကုန်များနှင့် နည်းပညာများကို ခင်းကျင်းပြသကာ လုပ်ငန်းအတွင်းအသိပညာများကို ပံ့ပိုးပေး ထားကြောင်းသိရသည်။ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပြီး အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ပံ့ပိုးမှု၊ တန်းတူညီမျှမှုနှင့် win-win ပူးပေါင်းဆောင်ရွက်မူများကို ကတိကဝတ်ပြုကာ ခေတ်မီတိုးတက်ရေးလမ်းကြောင်းပေါ်၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အရည်အသွေးမြင့် Belt and Road ပူးပေါင်းဆောင်ရွက်မှုကိုပံ့ပိုးရန် အဓိကခြေလှမ်းများ၊ အဓိကကျသော အထင်ကရပရောဂျက်များနှင့် "သေးငယ်လှပသော" အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပရောဂျက်များ တည်ထောင်ခြင်း တို့ကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)