Main menu

“ကော့မှူးမြို့နယ်၌တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့်ငွေစပါးစိုက်ပျိုးခြင်းနှင့်ကောက်စိုက် စက်ဖြင့်စိုက်ပျိုးခြင်းနှင့်တောင်သူများအားသွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (seeder)ဖြင့် စိုက်ပျိုးခြင်းနှင့်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်က လာဝတီကျေးရွာ၊ ကွင်းအမှတ် (၃၈၇) ဦးပိုင်အမှတ် (၃၆/၃)ရှိ ဦးမောင်ကြီး၏ လယ်ယာမြေ (၅)ဧက နွေစပါးဧက (၁၀၀) စံပြကွက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

             အဆိုပါ အခမ်းအနားတွင် တွံတေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညွှန့်နွယ်က တိုက်ရိုက်မျိုးစေ့ချကိရိယာ (seeder)အသုံးပြု စိုက်ပျိုး ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများ၊ နွေစပါးမျိုးစေ့(မျိုးစပါး)နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များနှင့်ဆောင်းစပါးသီးနှံနွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်တောင်သူများ ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က ကောက်စိုက်စက်ဖြင့်စိုက် ပျိုးခြင့်းမှရရှိလာမည့် အကျိုးကျေးဇူးများဖြစ်သော လုပ်အားခ သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အလုပ်သမားရှာဖွေရသည့် အခက်အခဲများ လျော့ကျခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ သက်တောင့် သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင့်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များပြုစုထိန်းသိမ်းမှု လွယ်ကူ စိတ်ချရခြင်း၊ ပျိုးပင်များနုတ်ယူရန်မလိုခြင်း၊ သန်မာ၍ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်း၊ လေဝင်၊ လေထွက်ကောင်းပြီး ကောက်ကွက် ဝင်ဆန့်မှု တိကျမှန်ကန်ခြင်းနှင့် တိုက်ရိုက်မျိုးစေ့ချကိရိယာ (seeder) ဖြင့်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ရှင်းလင်းအသိပညာပေးပြောကြားခဲ့ပြီး တောင်သူများအား ဌာနဆိုင်ရာအကြီးအကဲများမှ သွင်းအားစု နွေစပါးမျိုးစေ့နှင့် ဓာတ်မြေဩဇာအိတ်များပေးအပ်ခဲ့ပြီး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ တိုက်ရိုက်မျိုးစေ့ချ ကရိယာ(seeder)ဖြင့် လက်တွေ့စိုက်ပျိုးနေခြင်းတို့အား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)