Main menu

“ သုံးခွမြို့နယ်၌ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင်ပဲတီစိမ်းသီးနှံ (၁၃၉၅၇၆) ဧကစိုက်ပျိုးခဲ့ပြီး သီးနှံအထွက်နှုန်းတိုးတက်ရေးတောင်သူများကြိုးပမ်းဆောင်ရွက်လျက်ရှိ”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌  ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီ တွင် ပဲတီစိမ်း သီးနှံ (၁၃၉၅၇၆) ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းတိုးတက်စေရန် လိုအပ်သော စိုက်ပျိုးရေး သွင်းအားစုများထည့်သွင်းခြင်းနှင့် ပိုးမွှားရောဂါမကျရောက်စေရေး ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

            ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားရေးရိက္ခာဖူလုံစေဖို့ ပြည်ပဝင်ငွေရရှိစေပြီး ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်ပြီး ပဲတီးစိမ်းသီးနှံ (၁၃၉၅၇၆)ဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီး ဖြစ်ပါသည်။ လက်ရှိစိုက်ပျိုးပြီးစီးခဲ့သော ပဲတီစိမ်းစိုက်ခင်းများကို သီးနှံအထွက်နှုန်း ကောင်းမွန်အောင် တောင်သူများက ကြိုးပမ်းလုပ်ကိုင်နေကြပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းတွေကလည်း ပဲတီစိမ်းစိုက်ပျိုးတောင်သူ အသိပညာပေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးပါသည်ဟု စိုက်ပျိုးရေးဦးစီဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မြင့်အောင်က ပြောကြားခဲ့သည်။ ဇန်နဝါရီလ (၁၇)ရက်နေ့၊ ညနေ့ (၁၅:၀၀)နာရီအချိန်တွင် သိုက်တူးကန်ကျေးရွာရှိ ပဲတီးစိမ်းစိုက်ပျိုးတောင်သူ ဦးလှထွန်း၊ ဦးရဲမင်းပိုင်၊ ဦးမင်းမင်းစိုး တို့၏ပဲတီးစိမ်းစိုက်ခင်းများအား လာရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မြင့်အောင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ သွားရောက်တွေ့ဆုံခဲ့ရာ ကြိုတင်ငွေပေးပြီး ဈေးနှိမ်ဝယ်ယူခြင်းများ မရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)