အမေရိကားတွင် TikTok Ban ခံရမှုနှင့်ပတ်သက်၍ Apple ကုမ္ပဏီမှ ယခုကဲ့သို့ app တစ်ခုအား ၄၈ နာရီပိတ်ပင်မှုမျိုးယခင်က မဖြစ်ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်ဟု နည်းပညာ သတင်းထောက် ဖြစ်သူ Mark Gurman က X (Twitter) တွင်ရေးသားခဲ့သည်။ ထို့ပြင် ၂၀.၁.၂၀၂၅ ရက်နေ့တွင် အမေရိကန်သမ္မတဖြစ်လာမည့် ထရမ့်၏ သဘောထားပေါ် မူတည်၍ TikTok ပိတ်ပင်ခံရမှု အကျိုးသက်ရောက်ခြင်းရှိနိုင်ကြောင်း ၎င်းကရေးသား ခဲ့သည်။
NBC News ၏ အင်တာဗျူးတွင် ထရမ့်က Tik Tok ကို ရက်ပေါင်း ၉၀ ပြစ်ဒဏ် ရွှေ့ဆိုင်းရန် အလားအလာရှိကြောင်းနှင့် အရေးကြီးကိစ္စဖြစ်သောကြောင့် သေချာကိုင်တွယ် ဖြေရှင်းရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် Apple ၏ ထုတ်ပြန်ချက်အရ TikTok ကဲ့သို့ ပိတ်ပင်ခံထားရသည့် app များဖြစ်သည့် Marvel Snap, Lemon8 နှင့် CapCut သည် လည်း ထရမ့်၏ သဘောထားအရ အကျိုးသက်ရောက်မှုများရှိလာနိုင်ကြောင်းသိရှိရသည်။ Tik Tok အနေဖြင့်မူ ၎င်း၏ app တွင် အမေရိကား၏ အုပ်ချုပ်မှု ပြောင်းလဲ ခြင်းသည် အရေးကြီးကြောင်း၊ ထရမ့်အနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းအဖြေရှာပြီး လက်တွဲ လုပ်ဆောင်ရန် ရည်ညွှန်းပြောဆိုခဲ့သည့်အပေါ် အထူးအလေးထားကြောင်း ရေးသားခဲ့သည်။
၂၀.၁.၂၀၂၅ ရက်နေ့တွင် အမေရိကန်သမ္မတဖြစ်လာခဲ့သော ထရမ့် အနေဖြင့် ၎င်း သမ္မတဖြစ်သည့်နေ့မှာပင် Tik Tok အား ဥပဒေပြဌာန်း၍ တားမြစ်မှုကို ၇၅ ရက် ရွှေ့ဆိုင်း ထားကြောင်းသည့် အထူးညွှန်ကြားချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထရမ့်၏ Tik Tokနှင့် ပတ်သက်သည့် အထူးညွှန်ကြားချက် အရ ထိုသို့ ၇၅ ရက်ရွှေ့ဆိုင်းရခြင်းမှာ လူကြိုက်များ သည့် platform တွင် စီးပွားရေးလုပ်ကိုင်လျက်ရှိသော အမေရိကန်နိုင်ငံသား ၁၇၀ မီလီယံ ကို ကာကွယ်ပေးနိုင်ရန် ဖြစ်ကြောင်းနှင့် အမေရိကန်နှင့် Tik Tok ကုမ္ပဏီ ByteDance တို့အကြား 50-50 joint-venture လက်တွဲပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းရှာဖွေလျက် ရှိကြောင်း သိရှိရ သည်။
DOCA(မန္တလေး)