Main menu

ခရမ်းချဉ်သီးများ စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရ

Powered by Drupal

          မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာ၌ စားဖိုဆောင်သီးနှံများကို စိုက်ပျိုးကြ ရာခရမ်းချဉ်သီးကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

          ခရမ်းချဉ်သီးကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလတွင် စတင်ခူးဆွတ်ရ ကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးပေါင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင် ၂၅ ရက်သား အရွယ်တွင် စိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးပြီး ၃ လခန့်အကြာတွင် အသီးများ စတင်ခူးဆွတ် နိုင်ကြောင်း၊ ပျိုး၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ကျပ် သိန်း ၂၀ ခန့် ကုန်ကျကြောင်း၊ ခရမ်းချဉ်သီးနှံစတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် ၁၅၀ ခန့်ထွက်ရှိ၍ တစ်ပတ်ထက် တစ်ပတ် ခရမ်းချဉ်သီးနှံကို ပိုမိုရရှိကြောင်း၊ တစ်ဧကလျှင် စုစုပေါင်း ပိဿာချိန် ၅၀၀၀ မှ ၆၀၀၀ ခန့်ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးကွက် အနေဖြင့် ပေါင်မြို့နယ်ရှိ ကုန်စိမ်းဒိုင် များသို့ ရောင်းချပြီး မော်လမြိုင်ကုန်စိမ်းဒိုင်များသို့လည်း ရောင်းချကြောင်း၊ ဆောင်းခရမ်းချဉ်သီး နှံမှာ မိုးခရမ်းချဉ်သီးနှံထက် ပိုမိုဖြစ်ထွန်းအောင်မြင်၍ အထွက်နှုန်းလည်း ပိုမိုထွက်ရှိရာ တောင်သူများ အနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရသည်။ ယခုအခါ ဈေးကွက်၌ ခရမ်းချဉ်သီး တစ်ပိဿာလျှင်  ကျပ် ၁၀၀၀၀ ခန့်ရရှိကြောင်း သိရသည်။

DOCA(မွန်)