မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ရေးအတွက် အခြေခံ စားသောက်ကုန်များရောင်းချပေးခြင်းကို (၁၇.၁.၂၀၂၅) ရက်နေ့ နံနက် (၈:၃၀) နာရီက ကဒါ ရပ်ကွက်၊ မင်္ဂလာဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ ထိုသို့ရောင်းချရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော အမဲသား တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဆန်တစ်ပြည် (၃၂၀၀) ကျပ်၊ ဆီတစ်ပိဿာ (၈၁၀၀) ကျပ်၊ ကြက်သား တစ်ပိဿာ (၁၃၀၀၀) ကျပ်တို့ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ဦးဆောင်သော ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် ဆိုင်များတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(မွန်)