Main menu

သထုံမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          (၂၀.၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်း တို့သည် သထုံမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော ဆန်ဆိုင် များ၊ ဆန်သိုလှောင်ရုံများ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန် အလို့ငှာ သိုလှောင်ထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကျားပျံဟိုတယ် (၁၀၈) ပေါင်ပါတစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀၊ ပေါ်ဆန်းဝါ (၁၀၈) ပေါင်ပါတစ်အိတ်လျှင် ကျပ် ၁၄၃၀၀၀၊ ကမာကြည် (၁၀၈) ပေါင်ပါတစ်အိတ်လျှင် ကျပ် ၁၂၈၀၀၀၊ ဧည့်မထ (၁၀၈) ပေါင်ပါတစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း  စစ်ဆေးတွေ့ရှိရပြီး ဈေးနှုန်းမြှင့်တင်ရောင်းချရန် အလို့ငှာ သိုလှောင်ထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)