၂၀.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာရှိ ပဲစိုက်ကွင်းများသို့ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် ပဲစိုက်ပျိုးနေမှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းလေ့လာခဲ့ရာ ကျိုက္ကသာအလယ်သောင်ကွင်းရှိ ပဲစိုက်တောင်သူ ဦးအောင်နိုင်ဌေး၏ ပြောကြားချက်အရ တောင်သူအများစုမှာ ပဲတီစိမ်းကိုသာ အဓိကစိုက်ပျိုးကြပြီး စိုက်ခင်း ဧက (၂၀၀) ခန့်ရှိကြောင်း သိရပါသည်။
ပဲတီစိမ်းကို နိုဝင်ဘာလတွင် စိုက်ပျိုးပြီးဇန်နဝါရီလစတုတ္ထပတ်တွင် ရိတ်သိမ်း ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ၄၀၀၀၀၀ ခန့်ရှိပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၅ တင်းခန့် ထွက်ရှိရန်မျှော်မှန်းထားကြောင်း၊ ပဲတီစိမ်းတစ်တင်းလျှင် ယခင်နှစ်က ကျပ် ၈၀၀၀၀ ရှိခဲ့ရာမှ ယခု ကျပ် ၁၀၀၀၀၀ ခန့်ရှိလာရန် ထွက်ရှိလာမည့် ပဲတီစိမ်းများ ဈေးကောင်းရရှိရန် မျှော်မှန်းထားကြောင်း သိရှိရသည်။
DOCA(မွန်)