တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ သပြေချောင်းရွာ တွင် ခရမ်းကြွပ်သီးများကို ရာသီမရွေး တစ်နှစ်ပတ်လုံး တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ အစိမ်း ရောင်၊ အဖြူရောင်နှင့် ခရမ်းရောင်ဟူ၍ (၃)မျိုးရှိပြီး ထားဝယ်ဒေသတွင်အဖြူရောင်ကိုအများအပြား စားသုံးလျက် ရှိကြောင်းသိရှိရပါသည်။ ထိုင်းအစားအစာများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပြီး အတို့အမြှုပ် အနေဖြင့်လည်း စားသောက်လျက်ရှိကြပြီး လူကြိုက်များသောသီးနှံတစ်မျိုးလည်း ဖြစ်ပါ သည်။
ခရမ်းကြွပ်သီးကိုစိုက်ခင်းများမှတဆင့် ရွာဈေးများ၊ မြို့ပေါ်ဈေးများသို့ဆိုင်ကယ်များ၊ ကားများ ဖြင့် သွားရောက်ရောင်းချကြပြီး ယခုပတ်အတွင်းလေ့လာချက်များအရစည်ပင်သာယာဈေးကြီးအတွင်း၌ ခရမ်း ကြွပ်သီးနို့ဆီဗူးတစ်ဗူးလျှင်(၁၀၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)